လားရှိုးမှလုပ်ငန်းလိုင်စင်မရှိသောကားများ

လုပ်ငန်းလိုင်စင်မရှိသောခရီးသည်တင်ကားများအားသတ်မှတ်ဒဏ်ကြေးအတိုင်းအရေးယူပေးပါရန် >>>(“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”) မှ ကူးယူဖော်ပြသည်။

သက်ဆိုင်ရာသို့
မန္တလေး-လားရှိုး-မူဆယ် ၊ လားရှိုး-တန့်ယန်း-မိုင်းရှူး ၊ လားရှိုး-ကွမ်လုံ-လောက်ကိုင် သို့ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်ငယ်အများစုမှာ လုပ်ငန်းလိုင်စင်မရှိပဲ ပြေးဆွဲနေကြပါသည်။ထိုသို့သော ကားများသည် လမ်းခရီးတွင် ကားပျက်လျှင် ကားခများပြန်မအမ်းပဲ အခြားကားများဖြင့်ပြန်လည်ခရီးဆက်ခိုင်းပါသည်။ထိုအခါတွင် ခရီးသည်များသည် ယာဉ်စီးခနှစ်ခါကုန်ကျရပါသည်။လုပ်ငန်းလိုင်စင်မရှိသော နံပါတ်အနက်နှင့် ကားများကိုလည်း ဂိတ်မှူးနှင့်ဂိတ်ပိုင်အချို့က အသင်းဝင်ကြေးများကောက်ခံ၍ တရားဝင်ကဲ့သို့ပင်ပြေးဆွဲခိုင်းပါသည်။ထိုသို့သောအခါတွင် လုပ်ငန်းလိုင်စင်ပြုလုပ်၍ နိုင်ငံတော်၏အခွန်အခများအားထမ်းဆောင်ပြီးပြေးဆွဲနေသောကားများမှ
လွန်စွာပင်နစ်နာလှပါသည်။ယခင်က နှစ်ရက်/သုံးရက် တစ်ခေါက်ရသော်လည်း ယခုအခါ နံပါတ်အနက်ကားများဂိတ်သို့ တရားဝင်လာရောက် အလည့်ချိတ်သောအခါ အလှည့်တစ်ခေါက်ရရန် တစ်ပတ်ဆယ်ရက်စောင့်ရပါသည်။လားရှိုးမြို့ အ၀င်/အထွက် များတွင်လည်း ယာဉ်ထိန်း၊မ.ထ.သ၊ပို့/ဆက်
စသည့်ဌာနများမှ နေ့စဉ်စစ်ဆေးသော်လည်း အနည်းအကျဉ်း ပပျောက်သွားခြင်းမရှိသည့်အပြင် နံပါတ်အနက်ဖြင့်လိုင်းဆွဲသောကားများ ပို၍ပင် များပြားလာပါသည်။ထို့ကြောင့် နံပါတ်နက် ခရီးသည်တင်ယာဉ်များအားမေးမြန်းကြည့်ရာ အစိုးရမှသတ်မှတ်ထားသော ဒဏ်ကြေးရှိသော်လည်း တစ်ထောင်၊နှစ်ထောင်သာ ပေးရကြောင်းသိရှိရပါသည်။
ထိုကဲ့သို့ နံပါတ်နက်ဖြင့်ပြေးဆွဲနေသော ယာဉ်ငယ်များသည် လားရှိုးမြို့တွင်ပင် အစီးရေရာချီရှိပါသည်။ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် လုပ်ငန်းလိုင်စင်ရှိပြီး နိုင်ငံတော်အခွန်ထမ်းဆောင်သော (နံပါတ်နီ) ကားများမှာများစွာနစ်နာလှပါသည်။
ထို့ကြောင့် ပို့/ဆက် ဌာနတစ်ခုတည်းမဟုတ်ပဲ အဖွဲ့ပေါင်းစုံဖြင့် ပူးပေါင်းစစ်ဆေးပေးပါရန်နှင့် သတ်မှတ်ထားသော ဒဏ်ကြေးအတိုင်း စည်းကမ်းများဖြင့်ကောက်ခံပေးပါရန်တင်ပြအပ်ပါသည်။

ပေးပို့သူ စိုင်းလိတ်
ရပ်ကွက်(၁)၊လားရှိုးမြို့

No comments:

Post a Comment